Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Dec 15, 2007

မှန်းနန်းတော်ကြီးနှင့် အခြားသောအဆောင်တော်များ



မင်္ဂလာပါ.....
ဒီမှန်နန်းတော်ကြီးဆိုတဲ့ဘုတ်မှာရေးထားတဲ့စာတွေကိုပဲ ပြန်လည်ဖော်ပြလိုပါတယ်...
“ဘုရင်မင်းမြတ်နေ့ညမပြတ်စံစားတော်မူရာ မှန်နန်းတော်ကြီးသည် စမုတ်လေးဆောင်တို့၏ဗဟိုချက် နန်းခုံတော်ကြီး၏ အလည်နေရာ၌တည်ရှိသည်။ အရှေ့ဦးထိပ်စသောမင်းထွက်တံခါးတော်ကြီး လေးပေါက်တို့၏ အလယ်ဗဟိုနေရာလည်း ဖြစ်ပေသည်။ ဤဗဟိုနေရာတွင်မှန်ချိန်၍ အခြားအဆောင်များကို ပန္နက်ချတည်ဆောက်ခဲ့ကြသောကြောင့် မှန်နန်းဆောင်(ဗဟိုနန်းဆောင်)ဟု ခေါ်ဆိုခြင်းဖြစ်သည်။
မှန်နန်းဆောင်တော်ကြီးတွင် အဂ္ဂမဟေသီ မိဘုရားခေါင်ကြီးအဖြစ် ဘိသိက်ခံယူခြင်းမင်္ဂလာ၊ သားတော် သမီးတော်များနားထွင်းမင်္ဂလာ၊ ရှင်ပြုအလှူတော်မင်္ဂလာများလည်း ကျင်းပလေ့ရှိပြီး ပိတုန်းရုပ်ခံသော ကရဝေးသားဖြင့်ပြုလုပ်ထားသည့် ဘမယာသနပလ္လင်တော်ကြီးရှိ၍ အနောက်အလုံပိတ်အခန်းအတွင်း၌ စက်တော်ခေါ်ရာ သလွန်တော်နှင့် ကျေးပြဿဒ်တော်တို့ရှိသည်။ ဤအဆောင်တော်ကြီးသို့ နန်းရမိဘုရား လေးပါးမှအပ မှူးတော်၊ မယ်တော်၊ မိဘုရားငယ်များ အခွင့်ရမှသာ ၀င်ရောက်ခစားကြရသည်။
အရှေ့အနောက် အလျား ၁၀၀ပေ ၆လက်မ၊ တောင်မြောက်အနံ ၈၉ပေ၊ အမြင့် ၆၂ပေ ၃လက်မရှိပါသည်။”

No comments: