Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Dec 4, 2007

ပုဂါရာမသို့အသွား

ကျွန်တော်မြင်းခြံမှာရောက်နေတာကြာနေပါပြီ။ အင်တာနက်ကလည်း ဆိုင်တစ်ဆိုင်ပဲရှိတယ်... တခါတလေသုံးရတာ သိပ်အဆင်မပြေချင်ဘူး။ ရာသီဥတုကလည်း မှိုင်းမှိုင်းအုံ့အုံ့ရှိနေတာကြောင့်လည်း Connection သိပ်မကောင်းဘူး။ ဒါကြောင့် အရမ်းကိုပျင်းနေသပေါ့.....

ကံအကြောင်းရယ်ဖန်လာတော့ ပုဂံကိုမြင်းခြံကနေလမ်းပေါက်တယ်ဆိုတာ သိရတယ်... ဒါကြောင့် သူငယ်ချင်းတစ်ယောက်နဲ့ သွားဖို့ ဖြစ်လာရပါတယ်.... လမ်းကကြမ်းတယ်ဆိုတာသိတယ်... မိုးတွေကလည်း အုံ့နေတယ်.. မိုးလည်းရွာထားတယ်.... ဒါပေမယ့်လည်း မရောက်ရောက်အောင်သွားမယ်ဆိုပြီး ဆူပါကတ်ဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတော့တယ်.... ကံကကောင်းချင်တော့ သွားရင်းနဲ့ လမ်းမှာမိုးကမရွာဘူး... မိုးမရွာတော့ လမ်းကဗွက်တွေမပေါဘူးပေါ့... ပြီးတော့ နေကလည်း အရမ်းမပူဘူး... ခရီးသွားဖို့ သိပ်ကောင်းတဲ့ အခြေအနေကို မိုးနတ်မင်းကပေးလာခဲ့တယ်ဗျာ.....
ဒါကြောင့် အဲ့ဒီခရီးအထမြောက်ခဲ့ရတယ်....
ကဲ...... အောက်ကပုံတွေကတော့ ပုဂံအသွားပုံတွေပဲပေါ့ဗျာ....


No comments: