Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Dec 19, 2007

ဇေတ၀န်ဆောင်နှင့် အခြားသောအဆောင်တော်များ

ဇေတ၀န်ဆောင် - “မြတ်စွာဘုရားသခင်၏ ဇေတ၀န်ကျောင်းတော်ပုံသဏ္ဍာန် ရွှေပိန်းချအဆောက်အဦးကြီးဖြစ် သည်။ အရေးကြီးသောကိစ္စများကို စည်းဝေးတိုင်ပင်၍ ရန်အပေါင်းကိုအောင်စေခဲ့သောကြောင့် “ဇေတ၀န်ဆောင်” ဟုခေါ်သည်။ အဆောင်၏အရှေ့ပိုင်း၌ ဟင်္သာရုပ်များကိုခံ၍ သင်္ကန်းသားဖြင့်ထုလုပ်ထား သော ရှစ်မြှောင့်ပုံ ဟင်္သာသနပလ္လင်တော်ရှိသည်။
သံတမန်ရေးရာကိစ္စများအပြင် သာသနာရေးဆိုင်ရာကိစ္စကြီးငယ်များကို ဤအဆောင်ကိုအသုံးပြုသည်။ ဘုရား ရှင်၏ကျောင်းတော်အမှတ်ဖြင့် ဆောက်လုပ်ခဲ့သောကြောင့်မင်းအဆက်ဆက် ကိုးကွယ်ခဲ့ကြသော နန်းစဉ်ဘုရားများကို ဤအဆောင်တော်၌ပင် ကိုးကွယ်ထားရှိခဲ့ကြသည်။
အတွင်းဘေးနှစ်ဘက်ရှိအခန်းနှစ်ခန်းတွင် သာသနာရေးဆိုင်ရာ ပေပုရပိုက်များထားရှိပြီး ဘုရင်မင်းမြတ် နားနားနေနေစာဖတ်တော် မူလေ့ရှိသည်။ ဇေတ၀န်ဆောင်၏နောက်ခန်း၌ ရွှေအတိဖြင့်သွန်းလုပ်ထားသော အလောင်းမင်းတရားကြီးမှ မင်းတုန်းမင်းတရားကြီးတိုင် ဘုရင်နှင့်မိဘုရားခေါင်ပုံတူ ရွှေရုပ်များထားရှိကာ လဆန်း ၁ ရက်နေ့တိုင်းဘုရင်ကိုယ်တိုင် ပူဇော်လေ့ရှိသည်။
အဆောင်ကြီး၏အတိုင်းအတာမှာ တောင်မြောက် ၅၃ပေ ၂လက်မ၊ အရှေ့အနောက် ၇၃ပေ ၂လက်မ၊ အမြင့် ၅၃ပေ ၃လက်မရှိသည်။


လက်ဖက်ရည်တော်ဆောင်
လက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်နှင့် အချိုပွဲ၊ အချဉ်ပွဲများ ဆက်သကြရသော လက်ဖက်ရည် တော်သားများအား ခစားထမ်းရွက်စေသည်။ ကွမ်းရည်တော်သားများအောက် အရာတစ်ဆင့်နိမ့်သော ၀န်ထောက်၊ မြို့ဝင်၊ အဝေး၀န်တို့၏ ညီသားများဖြစ်ကြသည်။
ရှေးသူရဲကောင်းအဆက်ဆက်တို့၏ ဓား၊လှံ၊ လက်နက်များကို ကမ္ဗည်းအက္ခရာထိုး၍ သိမ်းဆည်းထားသည်။ လက်ဖက်ရည်တော်ဆောင်သားများထဲမှ မင်းတရားကြီးသဒ္ဓါယုံကြည်သောသူတို့ကိုပင် ရွေးကောက်ကာ “လက်သုံးတော်ကိုင်အမှုထမ်း”ဟု ခေါ်စေ၍ ထိုအဆောင်မှာပင် ခစားရသည်။ ဘုရင်ထွက်တော်မူသောအခါများ ၀ယ် လက်သုံးတော်ကိုင်တို့သည် ထိုအဆောင်တွင်ထားရှိသော အရိန္ဒမာလှံတော်၊ နန်းသူ့ဆံခွေတော်၊ ယိမ်းနွဲ့ပါး စသည့်ဓါးလှံ၊သေနတ်များကို အဆောင်အယောင်အဖြစ်ကိုင်ဆောင်ကာ နောက်တော်မှလိုက်ကြရသည်။ ထို့ကြောင့် လက်ဖက်ရည်တော်အဆောင်ကို “လက်သုံးတော်အဆောင်”ဟုလည်းခေါ်သည်။
တောင်မြောက် ၆၆ပေ ၄လက်မ၊ အရှေ့အနောက် ၂၅ပေ ၆လက်မ၊ အမြင့် ၃၃ပေရှိပါသည်။


တောင်နန်းမတော်မဟေသီဆောင်
တောင်နန်းမတော်မဟေသီဆောင် - ဤအဆောင်မှာ ပထမဟန်းတောင်ဘက်စွန်းတွင်ရှိသည်။ တောင်နန်းအဂ္ဂ မဟေသီမိဘုရားခေါင်ကြီး၏ နန်းဆောင်အဖြစ်ရည်ရွယ်၍ တည်ဆောက်ခဲ့သော်လည်း ဘုရင်မင်းတရားကြီး၏ မယ်တော်ကိုတင်ထားသဖြင့် “မယ်တော်ဆောင်”ဟု အခေါ်များကြသည်။ ၃ဆောင်တွဲအဆောင်ကြီးအမျိုးအစား ဖြစ်ပြီး ရွှေပိန်းချအဆောင်ဖြစ်သည်။ အလယ်ဆောင်ထိပ်တွင် “ငှက်တော်စောင့်တဲ”ပါရှိသည်။ နောက်တွင် လည်း တန်းများနှင့် အိမ်သာတော်များရှိခဲ့သည်။ တောင်ဘက်ကပ်လျက်နန်းခုံပေါ်တွင် မင်းခန်းတော် ၃၂ဆောင် အနက်မှ နောက်ဆုံးပွဲကြည့်ဆောင်နှင့် ဆက်စပ်လျက်တည်ရှိသည်။ အရှေ့အနောက်အလျား ၁၀၂ပေ ၆လက်မ၊ တောင်မြောက်အနံ ၈၉ပေ၊ အမြင့် ၄၉ပေ ၃လက်မရှိပါသည်။


ကျန်ရှိနေသေးတဲ့အဆောင်တော်ဓါတ်ပုံများ

No comments: