Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Feb 18, 2008

I C show ပထမရက်

အိုင်းရင်းခရော့စ်ပထမရက်

လက်မှတ်အလကား (သူများဝယ်ထားလို့ပါ) ရမိလို့ အသာငမ်းငမ်းသွားကြည့်မိတဲ့ I.C show ပါ။ ဒါကတော့ ပထမရက်ပေါ့။

အတွဲညီညီတီးခတ်ပြနေတဲ့ အိုင်စီပါ။ ဆိုတဲ့သူကတော့ “၀ိုင်ဝိုင်း

ဝိုင်ဝိုင်းရဲ့ ဟိုဘက်ပြေးလိုက်၊ ဒီဘက်ပြေးလိုက် ဖျော်ဖြေဟန်ပါ။

တောင်ကြီးက ပရိသတ်တွေရော၊ မီးပုံးပွဲလာကြည့်ကြတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေရော...

သူလေးကတော့ “ယုဇန”ပါ



အာဇာနည်

ဝိုင်ဝိုင်းနဲ့ချစ်စမ်းမောင်

ခင်ဘုဏ်း

မောင်မောင်ဇော်လတ်
ဆုန်သင်းပါရ်
ကိုကြီးအငဲပါ
ချစ်စမ်းမောင် (ဂစ်တာကိုအပီအပြင် ကုတ်ခြစ်နေတာပါ... :P )

ပရိသတ်တွေအားပေးမှု
မျိုးကြီး

ကီးဘုတ်ကိုတက်ခွဖို့ကြံနေတဲ့ ဗညားနိုင်
ဝိုင်ဝိုင်းပါ

မျိုးကြီး

နောက်ထပ်ဆက်ဖက်မယ်ဆိုရင်နှိပ်ပါ

ဆက်ရေးပါမည်....

ကျနော်ဒိုးနပ်တစ်ယောက် ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ စာတွေကို အစဉ်တစိုက်မရေးဖြစ်ခဲ့ဘူး... အဲ့ဒါတွေကို ဖာထေးဖို့ အခုကစပြီး ကျန်တာလေးတွေဆက်ရေးပါမယ်..

နောက်ထပ်ဆက်ဖက်မယ်ဆိုရင်နှိပ်ပါ

Feb 6, 2008

ကျန်နေသေးတဲ့ပုံတွေပါ...


မြူတွေဝေနေတဲ့မီးပုံးကွင်းပါ



ဒါကတော့ကွင်းကို ခပ်လှမ်းလှမ်းကနေ ရိုက်ထားတာပါ...





ဒါကတော့ စိန်နားပန်မီးတစ်လုံးပါ။

ကျနော်ပထမဆုံးကြုံခဲ့ရတဲ့ မီးကြီးတစ်လုံးကို ပြောပြမယ်။ အဲ့ဒီတုန်းက ကျနော်တို့အဖွဲ့က မီးပုံးပျံကွင်းနဲ့ မလှမ်းမကမ်းမှာ နေရာယူလိုက်တယ်။ ဖျာလေးခင်းလို့ပေါ့။ (အဲ့ဒီနားမှာ ဧည့်သည်တော်တွေအတွက် မီးပုံးပျံရှုစားဖို့ အဆောင်လေးတွေရှိတယ်) မီးပုံးပျံတစ်လုံးလွှတ်ဖို့ဆိုတာကလည်း နာရီဝက်၊ တစ်နာရီလောက် အချိန်ယူရသဗျ။ ဒါကြောင့် ဖျာလေးအပေါ်မှာ အိပ်တဲ့သူကအိပ်၊ ရေနွေးကြမ်းသောက်တဲ့သူက သောက်နဲ့ပေါ့။

ဟော.....
ပြောပြောဆိုဆို မီးပုံးတစ်လုံးစထောင်လာပြီ။ ကျနော်ကင်မရာယူပြီး ရိုက်လိုက်ပါတယ်။


မီးရှူးလေးတွေစလွှတ်နေပါပြီ။ ကြည့်လို့ကတော့ တော်တော်လှတာပဲဗျ။ အဲ့ဒါနဲ့ ကျန်တဲ့သူတွေလည်း မတ်တပ်ရပ်၊ ငုတ်တုပ်ထိုင်ပြီး ထကြည့်ကြတယ်။

တဖြည်းဖြည်းနဲ့ ပေါက်ကွဲတာတွေဟာလှလာ၊ ပြင်းထန်များပြားလာပါတယ်။ ကံဆိုးတာက လေကကျနော်တို့ဘက်ကို သင့်လာပါတယ်။ မီးပုံးက ကျနော်တို့ဖျာလေးရှိတဲ့နေရာကို ရောက်လာတာပေါ့။ အဲ့ဒါကြောင့် အားလုံးမတ်တပ်ရပ်ကုန်ရော......

ဒီတစ်ခါတော့ ပြေးကုန်ပါပြီ။ ကျနော်တို့နားကို ယမ်းတွေ “ဖြောခနဲ ၊ ဖြောခနဲ” ကျလာပါတယ်။


ဒီအချိန်မှာတော့ ကျနော်တို့နားက အဆောက်အဦး (ပွဲကြည့်စင်လေး) ပေါ်က သွပ်ခေါင်မိုးပေါ်ကို “တဒိုင်းဒိုင်း” ယမ်းတွေ မီးစတွေ ကျလာတာ။ ဘေးနားကလာကြည့်တဲ့ ကားလေးတစ်စီးပေါ်ကိုတောင် ကျသေးတယ်။ ဒါပေမယ့် ကျနော်က အထူးအဆန်းဆိုတော့ ကင်မရာနဲ့ရအောင်ရိုက်လိုက်မိပါသေးတယ်။ နောက်တော့မှ လန့်ပြီး ခေါင်မိုးအောက်ကို ပြေးဝင်တာ။ ဒါကြောင့် ကင်မရာလည်း နည်းနည်းတုန်သွားတယ်။ ကျနော်တို့ခိုတဲ့ အပေါ်တည့်တည့်ကနေ မီးပုံးပျံကဖြတ်သွားတော့ လင်းထိန်သွားတာပဲ။


ဒီအောက်ဆုံးတစ်ပုံကတော့ အဝေးကိုရောက်သွားပါပြီ။

နောက်ထပ်ဆက်ဖက်မယ်ဆိုရင်နှိပ်ပါ

နေ့ခင်းလွှတ်တဲ့အရုပ်များ

နေ့ခင်းလွှတ်တဲ့အရုပ်များ
ကဲ.... နေ့ခင်းလွှတ်တဲ့ အရုပ်မီးပုံးတွေအကြောင်းကို ဆက်လက်ပြီးတင်ပြပေးသွားပါမယ်။ ဒီတောင်ကြီးက တန် ဆောင်တိုင်ပွဲဟာဆိုရင် ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း မီးပုံးပျံလွှတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ လွှတ်သလို မျိုး ပလတ်စတစ်မီးပုံးပျံကလေးတွေတော့မဟုတ်ပါဘူး။ ကမ္ဘာသိတန်ဆောင်တိုင်မီးပုံးပျံပွဲကြီးအတွက်ကို အားထားပြီးတော့ ရည်ရွယ်ပြီးတော့ လုပ်ကြကိုင်ကြနဲ့ ကြံစည်ထားတဲ့ မီးပုံးတွေပါ။
မီးပုံးတွေအတွက် လိုအပ်တဲ့ စက္ကူတွေ၊ မှိုင်းစာတွေ၊ ယမ်းတွေ၊ မီးရှူးတွေကို ဟိုးအရင်ကတည်းကိုက ကြိုတင်ပြင်ဆင်ထားရတာပါ။ တကယ်ကို မလွယ်ကူလှပါ။
ဒီတောင်ကြီးမှာရှိတဲ့ ဆိုင်တွေ၊ ရပ်ကွက်တွေဟာ ဒီအစီအစဉ်အတွက် အလှသော်လည်းကောင်း၊ အရုပ်သော် လည်းကောင်း၊ မီးကြီးသော်လည်းကောင်း ပြင်ဆင်ထားကြပါတယ်။
ယခုကစတင်ပြီး နေ့လွှတ်မီးပုံးအချို့ကို ပြသသွားပါ့မယ်။

ဒါကလွှတ်မယ့်ကွင်းပါပဲ...
ဒီအရုပ်ကတော့ နွားလို့ထင်ပါတယ် (အကွက်တွေမြင်ရလို့လေ)
ဒါကတော့ ယုန်ပါ။

သစ်တောက်ငှက် (သို့) ခေါက်ရှာငှက် - အရုပ်မီးပုံး

ကြက်တူရွေးအစိမ်းသုံးကောင်လွှတ်တင်ဖို့ ကြိုးစားနေရတာပါ။ သုံးကောင်စလုံးတက်ဖို့က တကယ်မလွယ်တာပါ။ လေလာရင် လေကို ပိတ်စအကြီးကြီးနဲ့ကွယ်ပြီးမှ လွှတ်ရတာပါ။


အခုတောစိတ်အေးသွားပါပြီ။ အကောင်လေးတွေ ကောင်းကောင်းမွန်မွန်တက်သွားပါပြီ။

ဒါကတော့ နောက်ဆုံးမှတ်တမ်းတင်ခဲ့ရတဲ့ “၀မ်းဘဲ”ရုပ်ပါပဲ။

နောက်ထပ်ဆက်ဖက်မယ်ဆိုရင်နှိပ်ပါ

Feb 4, 2008

မီးပုံးပျံပြိုင်ပွဲကွင်းနေ့ရှုခင်း



မီးပုံးပျံပြိုင်ပွဲကွင်းနေ့ရှုခင်း
ဟောဒါတွေက ဖွင့်ပွဲအပြီးနောက်နှစ်ရက်လောက်အကြာမှာ သွားရိုက်ခဲ့တာပါ။ ကွင်းရဲ့နေ့ခင်း အခြေအနေပါ။ အရင်တုန်းကတော့ “စူဌါမုနိ”ဘုရားနားက ကွင်းလို့ဆိုပါတယ်။ ဒီနှစ်မှ ကွင်းကအသစ်ဖြစ်သလို ပိုပြီးတော့လည်းကျယ်သွားပါတယ်။ ပြိုင်ပွဲဝင်ကားတွေ၊ ဆိုင်ကယ်တွေအတွက် သွားရေး၊ လာရေး အရင်နှစ်တွေကထက်စာရင် ပိုမိုလွယ်ကူသွားပါတယ်။ အဲ့ဒီနေ့တွေတုန်းကတော့ ညမီးကြီးလွှတ်တာမရှိသေးပါဘူး။ နေ့ခင် အရုပ်မီး (သို့မဟုတ်) ညခင်းမှာ စိန်နားပန် အလှမီးတွေပဲ ပြိုင်ကြပါသေးတယ်။

ဒီပုံကတော့ နေ့လွှတ်အရုပ်မီးလေးတစ်ခုကို ရိုက်ခဲ့တာပါ။ ဝေးတော့မပီပြင်သလို ဖြစ်သွားပါတယ်။ ငှက်ရုပ်သဏ္ဍာန်ဖြစ်ပါတယ်။

နောက်ထပ်ဆက်ဖက်မယ်ဆိုရင်နှိပ်ပါ