Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Dec 4, 2007

ပုဂံရောက်ပြီ

ပုဂံကိုရောက်ပါပြီ.....

မနက်ခင်း ၈နာရီခွဲလောက်ကထွက်လာတာ... ဟိုရောက်တော့ ၁၁နာရီထိုးခါနီးပြီ။ ဆိုင်ကယ်ကို မြန်မြန်သွက်သွက်မောင်းတော့ ၂နာရီနဲ့ ၁၀မိနစ်ကျော်ကျော်လောက် မောင်းရတယ်။ ရောက်ချင်လို့သာ (သူငယ်ချင်းက) သွက်သွက်ကလေးမောင်းတာ နောက်ကထိုင်ရတဲ့သူကတော့ တင်ပါးတွေကြိမ်းပြီး ဘုရား၊ တရား “တ” နေရတဲ့အခြေအနေပါ......
ညောင်ဦး (ပုဂံအ၀င်)မှာ တည်းခိုခန်းရှာပြီး ဗိုက်ဖြည့်ဖို့ထမင်းဆိုင်ရှာရတယ်။ မြန်မာထမင်းလေးကို ဆိတ်သားဟင်းလေးနဲ့ ရှောက်သီးသုပ်၊ မြင်းခွါရွက်သုပ်လေးနဲ့ စားလိုက်ရတာ အဆင်ကိုချောနေတာပဲဗျာ.... (အဝေးရောက်မြန်မာတွေ သွားရေကျပါစေရန် အလို့ငှါ)......
အဲ... စားပြီးတော့ တည်းခိုခန်းပြန်ပြီး ထမင်းလုံးစီရတာပေါ့ (မြန်မာတွေအကျင့်နှယ်)... ခရီးကလည်းနည်းနည်းပန်းလာတော့... တရေးတမောပေါ့ဗျာ............
နိုးလာတော့မှ.... ဘုရားတွေဆီကို တ၀လည်ပလိုက်တယ်........

ဒီအပေါ်က နှစ်ပုံက ပုံဂံမြို့ရဲ့ မြို့အ၀င်တံခါး(သရပါတံခါး)ပါ..

No comments: