အခုတင်ထားတဲ့ ပုံတွေကတော့ မန္တလေးတောင်ပေါ်ကနေ မန္တလေးမြို့တွင်းထဲကို လှမ်းရိုက်ထားတာတွေပဲ ဖြစ်ပါတယ်။ ထွေထွေထူးထူးပုံတွေမပါပေမယ့် အမှတ်တရဖြစ်စေရန်အတွက် ရည်ရွယ်ပြီးတင်လိုက်ခြင်းသာ....
Dec 22, 2007
မန်းတောင်ရိပ်အောက် ခိုဘိသို့
အခုတင်ထားတဲ့ ပုံတွေကတော့ မန္တလေးတောင်ပေါ်ကနေ မန္တလေးမြို့တွင်းထဲကို လှမ်းရိုက်ထားတာတွေပဲ ဖြစ်ပါတယ်။ ထွေထွေထူးထူးပုံတွေမပါပေမယ့် အမှတ်တရဖြစ်စေရန်အတွက် ရည်ရွယ်ပြီးတင်လိုက်ခြင်းသာ....
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: မန္တလေးပုံရိပ်များ
Dec 19, 2007
ဇေတ၀န်ဆောင်နှင့် အခြားသောအဆောင်တော်များ
သံတမန်ရေးရာကိစ္စများအပြင် သာသနာရေးဆိုင်ရာကိစ္စကြီးငယ်များကို ဤအဆောင်ကိုအသုံးပြုသည်။ ဘုရား ရှင်၏ကျောင်းတော်အမှတ်ဖြင့် ဆောက်လုပ်ခဲ့သောကြောင့်မင်းအဆက်ဆက် ကိုးကွယ်ခဲ့ကြသော နန်းစဉ်ဘုရားများကို ဤအဆောင်တော်၌ပင် ကိုးကွယ်ထားရှိခဲ့ကြသည်။
အတွင်းဘေးနှစ်ဘက်ရှိအခန်းနှစ်ခန်းတွင် သာသနာရေးဆိုင်ရာ ပေပုရပိုက်များထားရှိပြီး ဘုရင်မင်းမြတ် နားနားနေနေစာဖတ်တော် မူလေ့ရှိသည်။ ဇေတ၀န်ဆောင်၏နောက်ခန်း၌ ရွှေအတိဖြင့်သွန်းလုပ်ထားသော အလောင်းမင်းတရားကြီးမှ မင်းတုန်းမင်းတရားကြီးတိုင် ဘုရင်နှင့်မိဘုရားခေါင်ပုံတူ ရွှေရုပ်များထားရှိကာ လဆန်း ၁ ရက်နေ့တိုင်းဘုရင်ကိုယ်တိုင် ပူဇော်လေ့ရှိသည်။
အဆောင်ကြီး၏အတိုင်းအတာမှာ တောင်မြောက် ၅၃ပေ ၂လက်မ၊ အရှေ့အနောက် ၇၃ပေ ၂လက်မ၊ အမြင့် ၅၃ပေ ၃လက်မရှိသည်။
ရှေးသူရဲကောင်းအဆက်ဆက်တို့၏ ဓား၊လှံ၊ လက်နက်များကို ကမ္ဗည်းအက္ခရာထိုး၍ သိမ်းဆည်းထားသည်။ လက်ဖက်ရည်တော်ဆောင်သားများထဲမှ မင်းတရားကြီးသဒ္ဓါယုံကြည်သောသူတို့ကိုပင် ရွေးကောက်ကာ “လက်သုံးတော်ကိုင်အမှုထမ်း”ဟု ခေါ်စေ၍ ထိုအဆောင်မှာပင် ခစားရသည်။ ဘုရင်ထွက်တော်မူသောအခါများ ၀ယ် လက်သုံးတော်ကိုင်တို့သည် ထိုအဆောင်တွင်ထားရှိသော အရိန္ဒမာလှံတော်၊ နန်းသူ့ဆံခွေတော်၊ ယိမ်းနွဲ့ပါး စသည့်ဓါးလှံ၊သေနတ်များကို အဆောင်အယောင်အဖြစ်ကိုင်ဆောင်ကာ နောက်တော်မှလိုက်ကြရသည်။ ထို့ကြောင့် လက်ဖက်ရည်တော်အဆောင်ကို “လက်သုံးတော်အဆောင်”ဟုလည်းခေါ်သည်။
တောင်မြောက် ၆၆ပေ ၄လက်မ၊ အရှေ့အနောက် ၂၅ပေ ၆လက်မ၊ အမြင့် ၃၃ပေရှိပါသည်။
တောင်နန်းမတော်မဟေသီဆောင်
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: မန္တလေးပုံရိပ်များ
Dec 15, 2007
မှန်းနန်းတော်ကြီးနှင့် အခြားသောအဆောင်တော်များ
မင်္ဂလာပါ.....
ဒီမှန်နန်းတော်ကြီးဆိုတဲ့ဘုတ်မှာရေးထားတဲ့စာတွေကိုပဲ ပြန်လည်ဖော်ပြလိုပါတယ်...
“ဘုရင်မင်းမြတ်နေ့ညမပြတ်စံစားတော်မူရာ မှန်နန်းတော်ကြီးသည် စမုတ်လေးဆောင်တို့၏ဗဟိုချက် နန်းခုံတော်ကြီး၏ အလည်နေရာ၌တည်ရှိသည်။ အရှေ့ဦးထိပ်စသောမင်းထွက်တံခါးတော်ကြီး လေးပေါက်တို့၏ အလယ်ဗဟိုနေရာလည်း ဖြစ်ပေသည်။ ဤဗဟိုနေရာတွင်မှန်ချိန်၍ အခြားအဆောင်များကို ပန္နက်ချတည်ဆောက်ခဲ့ကြသောကြောင့် မှန်နန်းဆောင်(ဗဟိုနန်းဆောင်)ဟု ခေါ်ဆိုခြင်းဖြစ်သည်။
မှန်နန်းဆောင်တော်ကြီးတွင် အဂ္ဂမဟေသီ မိဘုရားခေါင်ကြီးအဖြစ် ဘိသိက်ခံယူခြင်းမင်္ဂလာ၊ သားတော် သမီးတော်များနားထွင်းမင်္ဂလာ၊ ရှင်ပြုအလှူတော်မင်္ဂလာများလည်း ကျင်းပလေ့ရှိပြီး ပိတုန်းရုပ်ခံသော ကရဝေးသားဖြင့်ပြုလုပ်ထားသည့် ဘမယာသနပလ္လင်တော်ကြီးရှိ၍ အနောက်အလုံပိတ်အခန်းအတွင်း၌ စက်တော်ခေါ်ရာ သလွန်တော်နှင့် ကျေးပြဿဒ်တော်တို့ရှိသည်။ ဤအဆောင်တော်ကြီးသို့ နန်းရမိဘုရား လေးပါးမှအပ မှူးတော်၊ မယ်တော်၊ မိဘုရားငယ်များ အခွင့်ရမှသာ ၀င်ရောက်ခစားကြရသည်။
အရှေ့အနောက် အလျား ၁၀၀ပေ ၆လက်မ၊ တောင်မြောက်အနံ ၈၉ပေ၊ အမြင့် ၆၂ပေ ၃လက်မရှိပါသည်။”
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: မန္တလေးပုံရိပ်များ
Dec 12, 2007
နန်းတွင်းထဲဝင်ရောက်ခဲ့ခြင်း
“ဘယ်ပဲသွားသွား၊ ဝေါနဲ့သွား” - ဘုရင်တွေ၊ မိဘုရားတွေ၊ အဆင့်မြင့်အရာရှိကြသူများအတွက် နန်းတွင်းသုံးဝေါပဲ ဖြစ်ပါတယ်....
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: မန္တလေးပုံရိပ်များ
မန္တလေးရွှေနန်းတော်
မန္တလေးကျုံးပါခင်ဗျာ.... နန်းတော်ဘက်ကနေရိုက်ထားတာပါ..
ဒါကတော့ မန္တလေးရွှေနန်းတော်ရဲ့အစဖြစ်ပါတယ်....
မုဒ်ဦးရှေ့မှာ ရှေးခေတ်အမြှောက်ကြီး လေးလက်ရှိပါတယ်.... နှစ်လက်စီက ပုံစံချင်းတူပါတယ်.... ဒါကြောင့် နှစ်လက်ကိုပဲရိုက်ထားတာပါ....
ဒါကတော့ ရွှေနန်းတော်အပေါ်စီးက မြင်ရတဲ့ပုံတွေပါပဲ.....
နောက်ထပ် ထပ်တင်ပါဦးမယ်.... အခုတော့ ထမင်းသွားစားလိုက်ဦးမယ်..... အဟီးးးး
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: မန္တလေးပုံရိပ်များ
မန္တလေးကိုရောက်ပါပြီ
မန္တလေးကိုလည်း ကျွန်တော်ရောက်ခဲ့ပါသေးတယ်.. အဓိကပြောချင်တာကတော့ မန္တလေးကအထင်ကရ ရွှေနန်းတော်နဲ့ “အသက်ကလေးရယ်တဲ့ရှည်စေလို၊ မန်းတောင်ရိပ်ခို”ဆိုတဲ့ မန္တလေးတောင်ပဲဖြစ်ပါတယ်..
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: Mission Start
Dec 7, 2007
ပုဂံမှအပြန်ခရီး
ဒါကြောင့် ပြန်လာခဲ့ကြပါတယ် (နေဖို့စရိတ်မှ မကျန်တော့တာကိုး) ပုဂံရောက်တုန်း ရောက်တဲ့ညက (မှတ်မှတ်ရရ)အပြင်မှာ ဗိုက်ဖြည့်ကြပါတယ်... "A Little Bit Of Bagan" ဆိုတဲ့စားသောက်ဆိုင်မှာပါ... အခင်းအကျင်းက စိတ်ဝင်စားစရာပါပဲ... (ဂျပန်စတိုင်လေးနဲ့ပေါ့) မီးလုံးလေးတွေကို ပိတ်ဖြူလေးတွေနဲ့အုပ်ပြီး စားပွဲပေါ်မှာ ဖုယောင်းတိုင်လေးတွေလာခင်းပေးပါတယ်.... ဖွင့်တဲ့သီချင်းကလည်း ဂျပန်instrumental သီးသန့်လေးပါ... ခပ်ငြိမ့်ငြိမ့်လေးနဲ့ပါပဲ..........
ကဲ... အပြန်လမ်းကိုပြောပြမလို့...........
ဒါတွေကတော့ လမ်းခရီးက ဓါတ်ပုံတွေပေါ့......... ထန်းပင်တွေမြင်လို့ ထန်းရည်သောက်ချင်စိတ်တောင် ပေါ်မိတယ်... ထန်းရည်ဆိုလို့ ဂျီတီစီကျောင်းသားဘ၀တုန်းကပဲ သုံးလေးခါလောက်သောက်ဖူးတာ.... အပြန်မှာ စောစောက ကတ္တရာခင်းနဲ့ခြားနားစွာနဲ့ပဲ မြေသားလမ်းကို မောင်းရပါတယ်..... ဓါတ်ပုံထဲမှာ မြင်ရသလိုတော့ လမ်းမဆိုးပါဘူး... ဒီပုံတွေက လမ်းဘေးကပုံတွေပဲ ဖြစ်ပါတယ်....
ကျွန်တော်တော့ ပုဂံခရီးစဉ်ကို ဒီတွင်ရပ်နားပြီး နောက်တစ်ခုဆက်ဖို့အချိန်တန်ပြီလို့ ထင်ပါတယ်... ဒါကြောင့် နောက်များကျမှ ပုဂံလက်ကျန်ဆက်ပါမယ်....
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: ပုဂံပုံရိပ်များ
Dec 5, 2007
ပြတိုက်ဝင်းထဲမှာ............
မြို့တစ်မြို့ဖြစ်လာရင် မြို့သမိုင်းရယ်လို့ရယ်လို့ရှိပါတယ်... ဒီလိုပဲ ပုဂံမှာလည်း (ဗမာနိုင်ငံရဲ့အရေးအပါဆုံး) သမိုင်းရှိပါတယ်.. ဒီသမိုင်းတွေကို မပျောက်မပျက်စေရန်ရည်ရွယ်ပြီး ထိန်းသိမ်းထားတဲ့ ပြတိုက်ထဲကို ကျွန်တော် ရောက်ခဲ့ပါတယ်....
ပြတိုက်ဝင်းရဲ့အပြင်မှာပဲ ကင်မရာကိုင်ဆောင်ခွင့်ရှိပြီး (ကင်မရာအသေးလေးအတွက်) ၅၀၀ကျပ် အခွန်ဆောင် ရပါသေးတယ်... ဒီပြတိုက်ဟာ ပုဂံမြို့တွင်းမှာရှိပါတယ်.... ပြတိုက်အတွင်းထဲက ကျောက်စာတို့၊ ပုံစံငယ်တို့ကို ဓါတ်ပုံရိုက်ချင်နေတာ လက်ကိုယားနေတာပဲဗျ..... (ကင်မရာယူခွင့်မရှိလို့.... )
ဒါကြောင့် အောက်ကပုံတွေလောက်ပဲ မှတ်တမ်းတင်ခဲ့ရတယ်ဗျာ....
ရေးသားသူ : ဒိုးနပ် 0 မှတ်ချက်
ခေါင်းစဉ်ကွဲ: ပုဂံပုံရိပ်များ