Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Feb 6, 2008

ကျန်နေသေးတဲ့ပုံတွေပါ...


မြူတွေဝေနေတဲ့မီးပုံးကွင်းပါ



ဒါကတော့ကွင်းကို ခပ်လှမ်းလှမ်းကနေ ရိုက်ထားတာပါ...





ဒါကတော့ စိန်နားပန်မီးတစ်လုံးပါ။

ကျနော်ပထမဆုံးကြုံခဲ့ရတဲ့ မီးကြီးတစ်လုံးကို ပြောပြမယ်။ အဲ့ဒီတုန်းက ကျနော်တို့အဖွဲ့က မီးပုံးပျံကွင်းနဲ့ မလှမ်းမကမ်းမှာ နေရာယူလိုက်တယ်။ ဖျာလေးခင်းလို့ပေါ့။ (အဲ့ဒီနားမှာ ဧည့်သည်တော်တွေအတွက် မီးပုံးပျံရှုစားဖို့ အဆောင်လေးတွေရှိတယ်) မီးပုံးပျံတစ်လုံးလွှတ်ဖို့ဆိုတာကလည်း နာရီဝက်၊ တစ်နာရီလောက် အချိန်ယူရသဗျ။ ဒါကြောင့် ဖျာလေးအပေါ်မှာ အိပ်တဲ့သူကအိပ်၊ ရေနွေးကြမ်းသောက်တဲ့သူက သောက်နဲ့ပေါ့။

ဟော.....
ပြောပြောဆိုဆို မီးပုံးတစ်လုံးစထောင်လာပြီ။ ကျနော်ကင်မရာယူပြီး ရိုက်လိုက်ပါတယ်။


မီးရှူးလေးတွေစလွှတ်နေပါပြီ။ ကြည့်လို့ကတော့ တော်တော်လှတာပဲဗျ။ အဲ့ဒါနဲ့ ကျန်တဲ့သူတွေလည်း မတ်တပ်ရပ်၊ ငုတ်တုပ်ထိုင်ပြီး ထကြည့်ကြတယ်။

တဖြည်းဖြည်းနဲ့ ပေါက်ကွဲတာတွေဟာလှလာ၊ ပြင်းထန်များပြားလာပါတယ်။ ကံဆိုးတာက လေကကျနော်တို့ဘက်ကို သင့်လာပါတယ်။ မီးပုံးက ကျနော်တို့ဖျာလေးရှိတဲ့နေရာကို ရောက်လာတာပေါ့။ အဲ့ဒါကြောင့် အားလုံးမတ်တပ်ရပ်ကုန်ရော......

ဒီတစ်ခါတော့ ပြေးကုန်ပါပြီ။ ကျနော်တို့နားကို ယမ်းတွေ “ဖြောခနဲ ၊ ဖြောခနဲ” ကျလာပါတယ်။


ဒီအချိန်မှာတော့ ကျနော်တို့နားက အဆောက်အဦး (ပွဲကြည့်စင်လေး) ပေါ်က သွပ်ခေါင်မိုးပေါ်ကို “တဒိုင်းဒိုင်း” ယမ်းတွေ မီးစတွေ ကျလာတာ။ ဘေးနားကလာကြည့်တဲ့ ကားလေးတစ်စီးပေါ်ကိုတောင် ကျသေးတယ်။ ဒါပေမယ့် ကျနော်က အထူးအဆန်းဆိုတော့ ကင်မရာနဲ့ရအောင်ရိုက်လိုက်မိပါသေးတယ်။ နောက်တော့မှ လန့်ပြီး ခေါင်မိုးအောက်ကို ပြေးဝင်တာ။ ဒါကြောင့် ကင်မရာလည်း နည်းနည်းတုန်သွားတယ်။ ကျနော်တို့ခိုတဲ့ အပေါ်တည့်တည့်ကနေ မီးပုံးပျံကဖြတ်သွားတော့ လင်းထိန်သွားတာပဲ။


ဒီအောက်ဆုံးတစ်ပုံကတော့ အဝေးကိုရောက်သွားပါပြီ။

No comments: