Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Feb 6, 2008

နေ့ခင်းလွှတ်တဲ့အရုပ်များ

နေ့ခင်းလွှတ်တဲ့အရုပ်များ
ကဲ.... နေ့ခင်းလွှတ်တဲ့ အရုပ်မီးပုံးတွေအကြောင်းကို ဆက်လက်ပြီးတင်ပြပေးသွားပါမယ်။ ဒီတောင်ကြီးက တန် ဆောင်တိုင်ပွဲဟာဆိုရင် ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း မီးပုံးပျံလွှတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ လွှတ်သလို မျိုး ပလတ်စတစ်မီးပုံးပျံကလေးတွေတော့မဟုတ်ပါဘူး။ ကမ္ဘာသိတန်ဆောင်တိုင်မီးပုံးပျံပွဲကြီးအတွက်ကို အားထားပြီးတော့ ရည်ရွယ်ပြီးတော့ လုပ်ကြကိုင်ကြနဲ့ ကြံစည်ထားတဲ့ မီးပုံးတွေပါ။
မီးပုံးတွေအတွက် လိုအပ်တဲ့ စက္ကူတွေ၊ မှိုင်းစာတွေ၊ ယမ်းတွေ၊ မီးရှူးတွေကို ဟိုးအရင်ကတည်းကိုက ကြိုတင်ပြင်ဆင်ထားရတာပါ။ တကယ်ကို မလွယ်ကူလှပါ။
ဒီတောင်ကြီးမှာရှိတဲ့ ဆိုင်တွေ၊ ရပ်ကွက်တွေဟာ ဒီအစီအစဉ်အတွက် အလှသော်လည်းကောင်း၊ အရုပ်သော် လည်းကောင်း၊ မီးကြီးသော်လည်းကောင်း ပြင်ဆင်ထားကြပါတယ်။
ယခုကစတင်ပြီး နေ့လွှတ်မီးပုံးအချို့ကို ပြသသွားပါ့မယ်။

ဒါကလွှတ်မယ့်ကွင်းပါပဲ...
ဒီအရုပ်ကတော့ နွားလို့ထင်ပါတယ် (အကွက်တွေမြင်ရလို့လေ)
ဒါကတော့ ယုန်ပါ။

သစ်တောက်ငှက် (သို့) ခေါက်ရှာငှက် - အရုပ်မီးပုံး

ကြက်တူရွေးအစိမ်းသုံးကောင်လွှတ်တင်ဖို့ ကြိုးစားနေရတာပါ။ သုံးကောင်စလုံးတက်ဖို့က တကယ်မလွယ်တာပါ။ လေလာရင် လေကို ပိတ်စအကြီးကြီးနဲ့ကွယ်ပြီးမှ လွှတ်ရတာပါ။


အခုတောစိတ်အေးသွားပါပြီ။ အကောင်လေးတွေ ကောင်းကောင်းမွန်မွန်တက်သွားပါပြီ။

ဒါကတော့ နောက်ဆုံးမှတ်တမ်းတင်ခဲ့ရတဲ့ “၀မ်းဘဲ”ရုပ်ပါပဲ။

No comments: