Subscribe


ဒီဆိုဒ်ကလေးကိုမှတ်ထားမယ်

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Feb 3, 2008

တောင်ကြီးမြို့ကိုရောက်ပါပြီ

တောင်ကြီးမြို့ကိုရောက်ပါပြီ

ဒီတောင်ကြီးက မီးပုံးပျံပွဲတော်ကို ပြောပြချင်နေတာ၊ တင်ပြချင်နေတာ ကြာပါပြီ။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကျွန်တော်ဒိုးနပ်တစ်ယောက် အလုပ်တွေရှုပ်နေတာကြောင့် ပြောပြ၊ တင်ပြ ဘလော့မှာ ချပြချိန်မရှိခဲ့ပါဘူး။ တောင်ကြီးမြို့ခရီးကို မတင်ခင်မှာပဲ တောင်ကြီးမတိုင်ခင် ရောက်ခဲ့တဲ့နေရာတွေ ကိုပြောပြချင်မိပါသေးတယ်။ ဒါပေမယ့် မီးပုံးပျံပွဲကလည်း ပြီးတာကြာပြီဆိုတော့ (မတင်မဖြစ်) မီးပုံပျံပွဲတုန်းက ပုံတွေဟာ အခုဆိုရင်ပဲ တော်တော်လေး ဒိတ်အောက်နေပြီပေါ့ဗျာ... ဒါ့ကြောင့် ဒီတောင်ကြီးက အမှတ်တရတွေ ကို ကြားဖြတ်အဖြစ်နဲ့ပဲ တင်လိုက်ရပါတယ်ခင်ဗျား....။

တောင်ကြီးမြို့ကိုရောက်တဲ့နေ့မှာပဲ မှတ်မှတ်ရရ မီးပုံးပျံကွင်းစဖွင့်တဲ့နေ့ဗျ။ ဒါပေမယ့် အဲ့သဟာကို ကြိုပြီးမသိခဲ့ လို့ မရောက်မိခဲ့ဘူးပေါ့ဗျာ။
တောင်ကြီးကို ပထမဆုံးစရောက်တာဆိုတော့ ကျနော့အတွက် ခရီးကအသစ်အဆန်းပေါ့ဗျာ။ ကျနော်က မြေပြန့် ကဆိုတော့ တောင်ကြီးဟာ မျက်မြင်ထဲမှာ တမျိုးလေးထူးဆန်းလို့နေပါတယ်။ ရှူရှိုက်ရတဲ့လေကလည်းတစ်မျိုး၊ မြင်ရတဲ့မြင်ကွင်းကလည်း တစ်မျိုးဆိုတော့ ကျနော်တည်းဖြစ်တဲ့ အိမ်ကလေးက ဘေးပတ်ဝန်းကျင်ကိုမှတ်တမ်း တင်မိခဲ့ပါတယ်ခင်ဗျာ။ သိပ်ပြီးထူးထူးဆန်းဆန်းတော့ မရှိလှပါဘူး။ တောင်ကုန်းကြီးတစ်ခုရယ် (မြစိမ်းတောင် ထင်မိပါတယ်) မီးပုံးပျံလွှတ်မယ့်ကွင်းရယ်(ညနေခင်း လျှောက်သွားကြတော့ ရိုက်ခဲ့တာပါ) ပါပဲ..
အောက်မှာ ဆက်လက်ရှုစားကြပါကုန်....





No comments: